Wednesday, September 30, 2015

နေမျိုးသာကီ

“ သစ္စာအိမ် ”
ငါ
ငါ
***
ငါ့မှာလည်း ငါ၊ သူ့မှာ ငါနှင့်‌
ငါ့ငါ သူ့ငါ၊ ‌တွေ့ကြခါဝယ်‌
ငါနှင့်‌ ငါချင်း၊ ငါ စစ်‌ခင်းလျက်‌
ပူပြင်း လျှံရဲ၊ ငါ ‌ပေါက်‌ကွဲ၏။

ငါ ဒုက္ခ‌ပေး ၊ ငါ မ‌အေး၍
ငါ ‌အေးရ‌ကြောင်း၊ ခွင့်‌ခါ‌ချောင်းလျက်‌
ငါ‌ကောင်းကို ရှာ၊ ငါဆိုး ခွာ‌သော်‌
ကွာ‌လေသည်‌သို့၊ ဖြစ်‌သမြို့လည်း
‌ခေါင်းလျှို့ ကိုယ်‌‌ခွေ၊ ပခြုပ်‌‌ဗွေ၌
ငန်း‌မြွေ မခြား၊ နှဲသံ ကြားလျှင်‌
ပါးပျဉ်း ‌ထောင်‌လျက်‌၊ ငါသည်‌ထွက်‌၏။

အို...ဖွားဖက်‌ ငါ၊ အသင်‌ ငါနှင့်‌
ငါ မ‌လျှော့တမ်း၊ အားမာန်‌ စမ်းအံ့၊
အစွမ်း သာသူ၊ ပန်းဆွတ်‌ယူလိမ့်‌၊
ငါမူ ငါ့ကို ‌အောင်‌မည်‌‌လော။

ငါ့ကို ငါက ‌အောင်‌မည်‌‌လော။

(မင်းသုဝဏ်‌)
ရှုမဝမဂ္ဂဇင်း မတ်‌လ၊၁၉၈၂၊


No comments:

Post a Comment