“ သစ္စာအိမ် ”
ငါ
ငါ
***
ငါ့မှာလည်း ငါ၊ သူ့မှာ ငါနှင့်
ငါ့ငါ သူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့် ငါချင်း၊ ငါ စစ်ခင်းလျက်
ပူပြင်း လျှံရဲ၊ ငါ ပေါက်ကွဲ၏။
ငါ ဒုက္ခပေး ၊ ငါ မအေး၍
ငါ အေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါကောင်းကို ရှာ၊ ငါဆိုး ခွာသော်
ကွာလေသည်သို့၊ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမြွေ မခြား၊ နှဲသံ ကြားလျှင်
ပါးပျဉ်း ထောင်လျက်၊ ငါသည်ထွက်၏။
အို...ဖွားဖက် ငါ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း၊ အားမာန် စမ်းအံ့၊
အစွမ်း သာသူ၊ ပန်းဆွတ်ယူလိမ့်၊
ငါမူ ငါ့ကို အောင်မည်လော။
ငါ့ကို ငါက အောင်မည်လော။
(မင်းသုဝဏ်)
ရှုမဝမဂ္ဂဇင်း မတ်လ၊၁၉၈၂၊
Wednesday, September 30, 2015
နေမျိုးသာကီ
Tuesday, September 29, 2015
နေမျိုးသာကီ
အနန္တရိယကံ(၅)ပါး
၁၊ အမေ သတ်သောသူ
၂၊ အဖေ သတ်သောသူ
၃။ ရဟန္တာ သတ်သောသူ
၎၊ ဘုရားအား သွေးစိမ်းတည်အောင်ပြုသောသူ
၅၊ သံဃာ အသင်းခွဲသူ တို့ဖြစ်ကြလေ၏။ ။
ယနေ့ခေတ်ခါဝယ် ရဟန်းရှင်လူတော်တော်များများ ပြောနေဆိုနေကြတာ Online စာမျက်နှာပေါ်တွင်မြင်လို့ မကောင်းလောက်အောင်ဖြစ်နေလေ၏။ စကားပုံတွေ ပြောရရင် ရိုင်းလိုက်လေခြင်း လို့ဆိုကြမည်အမှန် အိမ်ကြက်ချင်း အိုးမည်းသုတ် တိုက်ကြတာ ပျော်နေကြလေ၏။ ဒီလိုလုပ်ရပ်တွေကို လုပ်ဆောင်နေတာကလည်း ဘယ်သူတွေလို့ တပ်အပ်မပြောနိုင်ပေမဲ့ ဒီလုပ်ရပ်ကတော့ ခံရတာ အစဉ်အဆက်လိုဖြစ်နေတော့ ဘယ်သူဆိုတာသိနိုင် လေ၏။ အိုးမည်းသုတ်မှန်းမသိကြလို့လား သိလျက်နဲ့ ဆက်ခွပ်ချင်တာလား မေးခွန်းကိုတော့မေးရမလိုပဲ ထိုကံငါးပါးကြောင့်ငရဲခံ ရလျှင် ကမ္ဘာပျက်မှကျွတ်လွတ်ရတာကို မသိကြတော့ဘူးလား သူ့ထက်ကြီးတာ နိယတမိစ္ဆာဒိဋ္ဌိ ကံ ဘဲ ရှိတော့တယ် နိယတမိစ္ဆာဒိဋ္ဌိကံကတော့ ကမ္ဘာပြောင်းခံရတယ် သူ့အစွဲ မလွှတ်သေးသရွေ့ ပြောလိုက်ပါရစေ လုပ်ရင် ခံရမှာပဲ ခံရဲရင်ဆက်လုပ် ရှင်ဒေဝဒတ်ကိုကြည့်ပါ ဘုရားကိုလဲ သွေးစိမ်းတည်စေတယ် သံဃာလဲ အသင်းခွဲတယ် ယခုလက်ရှိ အဝီစိမှာ ထိုသူများလုပ်ရပ် ရောက်ရင်တွေ့ကြပါလိမ့်မယ် ရှင်ဒေဝဒတ်က နောင်အခါမှာ ပွင့်မည့်ဘုရားငယ် ပစ္စေကဗုဒ္ဓ ပါ လက်မှတ်ရှိပြီးသား စာရေးသူရော ဖတ်သူပါ ဘယ်မှာလဲ လက်မှတ်? ရှိနိုင်သေးလားပဲမေးချင်ပါတယ်။ အနန္တရိယကံ မထိုက်အောင်ရှောင်ကြဉ် နိုင်ကြပါစေ။
နေမျိုးသာကီ
ူ