Thursday, November 5, 2015
ကထိန်
ကထိန်
{ကထိန်}
မြတ်စွာဘုရားစသော သူတော်ကောင်းတို့က ကောင်း၏ဟု ဝမ်းမြှောက်နုမော သာဓုခေါ်သည့်အတွက်ကြောင့် ကထိန်ဟုခေါ်သည်။
ကထိန်၏ ထူးမြတ်ပုံ
၁။ ဒေသ - လူ့ပြည်၌သာ ပြုနိုင်ပေ၏။
၂။ သမယ- သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ ၁ လ အချိန်အခါ၌သာ ခင်းခွင့်ရ၏။
၃။ ဝတ္ထု- အယုတ်ဆုံးအားဖြင့် မိခင်ကိုတောင် မတောင်းအပ် ဒကာ ဒကာမ တို့အလိုလျောက် သဒ္ဓါပေါက်၍ လှူဒါန်းအပ်သော သင်္ကန်းဖြစ်ရမည်။
၎။ အာနိသံသ -ကထိန်ခံသောရဟန်းတို့ အနာမန္တစသော အကျိုးငါးပါး ရရှိခြင်း။
၅။ ဖလ- ကထိန်ခင်းခွင့်ရသော ဒကာ ဒကာမတို့အား သံဃာတော်တို့ရအပ်သော အကျိုးနည်းတူ အကျိုးများရရှိခြင်း။
{ကထိန်အာနိသင်}
ရဟန်းတို့ရအပ်သော အကျိုးများမှာ
၁။အာမန္တာစာရ -ကျောင်းတိုက်အတွင်းရှိ အတူနေရဟန်းများကို မပန်ကြားပဲပြင်ပသို့ကြွသော်လည်း
အာပတ် မသင့်ခြင်း။
၂။ အသမာဒါနစာရ-အဓိဋ္ဌာန်တင်အပ်သော တိစီဝရိတ်သင်္ကန်းနှင့် ညဥ့်ကင်း၍ နေသော်လည်း အာပတ် မသင့်ခြင်း။
၃။ ဂဏဘောဇန-ထမင်းစားကြွပါစသည်ဖြင့် မအပ်သော နည်းဖြင့်ပင့်ဖိတ်၍ ၄ပါးထက် အလွန်ကြွရောက်သုံးဆောင်သော်လည်း အာပတ် မသင့်ခြင်း။
၎။ ယာဝဒတ္တစီဝရ - (သီတင်းကျွတ်လပြည့်ကျော် ၁ရက်မှ တပေါင်းလပြည့်နေ့တိုင်အောင်) ကထိန်အာနိသင်၅ လအတွင်းသင်္ကန်းအမျိုးမျိုးကို အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာ မပြုထားသော်လည်း အာပတ် မသင့်ခြင်း။
၅။ ယာဝတတ္ထ စီဝရုပ္ပါဒ - ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း အသစ်အသစ်သော သင်္ကန်းများကို အစိုးတရပိုင်ဆိုင်ခြင်း၊ ကထိန်အာနိသင်မရသော ရဟန်းနှင့် အာဂန္တုက ဧည့်သည်ရဟန်းတို့အား ခွဲဝေမပေးသော်လည်း အာပတ်မသင့်ခြင်း တို့ဖြစ်သည်။
{ကထိန်ဒကာ ဒကာမတို့ ရအပ်သောအကျိုး}
၁၊ အဆင်းလှခြင်း
၂၊ ချမ်းသာခြင်း
၃၊ ဘေးရန်ကင်းစွာ သွားလာနိုင်ခြင်း
၎၊ အသက်ရှည်ခြင်း
၅၊ တတိုင်းရခြင်း
၆၊ ခွန်အားကြီးခြင်း
၇၊ ဉာဏ်ပညာကြီးခြင်း
၈၊ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း။
၈=ပါးတို့ဖြစ်လေ၏။ ။
{ကထိန်ခင်းကောင်းသောသင်္ကန်း}
၁။ ဒုကုဋ် ခေါ် နှစ်ထပ်သင်္ကန်း
၂။ ဧကသီခေါ် ကိုယ်ရုံ
၃။ သင်းပိုင် ခေါ် ခါးဝတ် တို့ဖြစ်သည်။
နေမျိုးသာကီ
Sunday, November 1, 2015
နေမျိုးသာကီ
နှိမ်နင်းခြင်း ဒဏ်ခတ်ခြင်းနှင့် ချီးမြှောက်ခြင်း
ဆိုင်ရာ
ကမ္ဘာမှာ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံမှာ ဖြစ်ဖြစ် ပါတီတခုမှာပဲ ဖြစ်ဖြစ် အသင်းဖွဲ့ တခုမှာပဲ ဖြစ်ဖြစ်
နှိမ်နင်းသင့်သောသူ နှိမ်နင်းသင့်သောပါတီ နှိမ်နင်းသင့်သော အဖွဲ့အစည်း နှိမ်နင်းသင့်သော နိုင်ငံ တခုကို မနှိမ်နင်းနေသရွေ့ ချီမြှောက်နေသရွေ့
ထိုအဖွဲ့စည်းစသည်တို့သည် မည်သို့သောအခါမှ တိုးတက်ဖွင့်ဖြိုးမှု ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ပေ
ချီးမြှောက်သင့် သူစသည်တို့အား မျက်ကွယ်ပြုနေသရွေ့လဲ တိုးတက်လိမ့်မည်မဟုတ်ပေ ကျုပ်တို့လူ့အဖွဲ့စည်း ကျေးရွာရပ်ကွက် မြို့ တိုင်း နိုင်ငံ ရော ဘယ်သို့သောအခြေနေမှာ ရောက်နေပြီလဲ။ ။
နေမျိုးသာကီ