Saturday, April 2, 2016
ရွာအလွမ်း
နွေ​နေကပူ
ရေဟူသည်​ခန်း
ကျောင်းသင်္ခန်းကား
ရှင်​ငယ်​တို့ကင်း
ချုံကန်​သင်းနှင့်
ဘယ်​သင်းငါ့​ခေါ် လိမ့်​မည်​နည်း။ ။
Thursday, November 5, 2015
ကထိန်
ကထိန်
{ကထိန်​}
မြတ်​စွာဘုရားစ​သော သူ​တော်​​ကောင်းတို့က ​ကောင်း၏ဟု ဝမ်း​မြှောက်​နု​မော သာဓု​ခေါ်သည့်​အတွက်​​ကြောင့်​ ကထိန်​ဟု​ခေါ်သည်​။
  ကထိန်​၏ ထူးမြတ်​ပုံ
၁။ ​ဒေသ - လူ့ပြည်​၌သာ ပြုနိုင်​​ပေ၏။
၂။ သမယ- သီတင်းကျွတ်​လပြည့်ကျော်​ ၁ ရက်​မှ တန်​​ဆောင်​မုန်းလပြည့်​​နေ့ ၁ လ အချိန်​အခါ၌သာ ခင်းခွင့်​ရ၏။
၃။ ဝတ္ထု- အယုတ်​ဆုံးအားဖြင့်​ မိခင်​ကို​တောင်​ မ​တောင်းအပ်​ ဒကာ ဒကာမ တို့အလို​လျောက်​ သဒ္ဓါ​ပေါက်​၍ လှူဒါန်းအပ်​​သော သင်္ကန်းဖြစ်​ရမည်​။
၎။ အာနိသံသ -ကထိန်​ခံ​သောရဟန်းတို့ အနာမန္တစ​သော အကျိုးငါးပါး ရရှိခြင်း။
၅။ ဖလ- ကထိန်​ခင်းခွင့်​ရ​သော ဒကာ ဒကာမတို့အား သံဃာ​တော်​တို့ရအပ်​​သော အကျိုးနည်းတူ အကျိုးများရရှိခြင်း။
           {ကထိန်​အာနိသင်​}
ရဟန်းတို့ရအပ်​​သော အကျိုးများမှာ
၁။အာမန္တာစာရ -​ကျောင်းတိုက်​အတွင်းရှိ အတူ​နေရဟန်းများကို မပန်​ကြားပဲပြင်​ပသို့ကြွ​သော်​လည်း
အာပတ်​ မသင့်​ခြင်း။
၂။ အသမာဒါနစာရ-အဓိဋ္ဌာန်​တင်​အပ်​​သော တိစီဝရိတ်​သင်္ကန်းနှင့်​ ညဥ့်​ကင်း၍ ​နေ​သော်​လည်း အာပတ်​ မသင့်​ခြင်း။
၃။ ဂဏ​ဘောဇန-ထမင်းစားကြွပါစသည်​ဖြင့်​ မအပ်​​သော နည်းဖြင့်​ပင့်​ဖိတ်​၍ ၄ပါးထက်​ အလွန်​ကြွ​ရောက်​သုံး​ဆောင်​​သော်​လည်း အာပတ်​ မသင့်​ခြင်း။
၎။ ယာဝဒတ္တစီဝရ - (သီတင်းကျွတ်​လပြည့်​​ကျော်​ ၁ရက်​မှ တ​ပေါင်းလပြည့်​​နေ့တိုင်​​အောင်​) ကထိန်​အာနိသင်​၅ လအတွင်းသင်္ကန်းအမျိုးမျိုးကို အဓိဋ္ဌာန်​မတင်​၊ ဝိကပ္ပနာ မပြုထား​သော်​လည်း အာပတ်​ မသင့်​ခြင်း။
၅။ ​ယာဝတတ္ထ စီဝရုပ္ပါဒ - ကထိန်​ခင်းရာ ​ကျောင်းတိုက်​အတွင်း အသစ်​အသစ်​​သော သင်္ကန်းများကို အစိုးတရပိုင်​ဆိုင်​ခြင်း၊ ကထိန်​အာနိသင်​မရ​သော ရဟန်းနှင့်​ အာဂန္တုက ဧည့်​သည်​ရဟန်းတို့အား ခွဲ​ဝေမ​ပေး​သော်​လည်း အာပတ်​မသင့်​ခြင်း တို့ဖြစ်​သည်​။
{ကထိန်​ဒကာ ဒကာမတို့ ရအပ်​​သောအကျိုး}
၁၊ အဆင်းလှခြင်း
၂၊ ချမ်းသာခြင်း
၃၊ ​ဘေးရန်​ကင်းစွာ သွားလာနိုင်​ခြင်း
၎၊ အသက်​ရှည်​ခြင်း
၅၊ တတိုင်းရခြင်း
၆၊ ခွန်​အားကြီးခြင်း
၇၊ ဉာဏ်​ပညာကြီးခြင်း
၈၊ နိဗ္ဗာန်​သို့မျက်​​မှောက်​ပြုနိုင်​ခြင်း။
၈=ပါးတို့ဖြစ်​​လေ၏။  ။
{ကထိန်​ခင်း​ကောင်း​သောသင်္ကန်း}
၁။ ဒုကုဋ်​ ​ခေါ် နှစ်​ထပ်​သင်္ကန်း
၂။ ဧကသီ​ခေါ် ကိုယ်​ရုံ
၃။ သင်းပိုင်​ ​ခေါ် ခါးဝတ်​ တို့ဖြစ်​သည်​။
                  ​နေမျိုးသာကီ
Sunday, November 1, 2015
နေမျိုးသာကီ
နှိမ်​နင်းခြင်း ဒဏ်​ခတ်​ခြင်းနှင့်​ ချီး​မြှောက်​ခြင်း
           ဆိုင်​ရာ
ကမ္ဘာမှာ ဖြစ်​ဖြစ်​ နိုင်​ငံတစ်​နိုင်​ငံမှာ ဖြစ်​ဖြစ်​ ပါတီတခုမှာပဲ ဖြစ်​ဖြစ်​ အသင်းဖွဲ့ တခုမှာပဲ ဖြစ်​ဖြစ်
နှိမ်​နင်းသင့်​​သောသူ နှိမ်​နင်းသင့်​​သောပါတီ နှိမ်​နင်းသင့်​​သော အဖွဲ့အစည်း နှိမ်​နင်းသင့်​​သော နိုင်​ငံ တခုကို မနှိမ်​နင်း​နေသ​ရွေ့ ချီ​မြှောက်​​နေသ​ရွေ့
ထိုအဖွဲ့စည်းစသည်​တို့သည်​ မည်​​သို့​သောအခါမှ တိုးတက်​ဖွင့်​ဖြိုးမှု ဖြစ်​​ပေါ်လာလိမ့်​မည်​မဟု​တ်​​ပေ
ချီး​မြှောက်​သင့် သူစသည်​တို့အား မျက်​ကွယ်​ပြု​နေသ​ရွေ့လဲ တိုးတက်​လိမ့်မည်​မဟုတ်​​ပေ ကျုပ်​တို့လူ့အဖွဲ့စည်း ​ကျေးရွာရပ်​ကွက်​ မြို့ တိုင်း နိုင်​ငံ ​ရော ဘယ်​သို့​သောအ​ခြေ​နေမှာ ​ရောက်​​နေပြီလဲ။  ။
Saturday, October 31, 2015
မမိုက်​​လေနဲ့
(မမိုက်လေနဲ့) စိတ်နှလုံး ပိတ်ဖုံးပါတဲ့ ငါး ကာမဂုဏ် မှားအာရုံ နင်ကြိုက်လျှင်ဖြင့် နင့်ပြင် အမိုက် ရှိမည်နည်း။ ။ စိတ်နှလုံး မေတ္တာဖုံးပါလို့ ငါးသီလ လုံ သရဏဂုံ နင် ထုံခဲ့ပါလျှင် အမှန်ပင် အမိုက်တိုက်လင်းမည်တည်း ။ နေမျိုးသာကီ(မြို့မ)ု
Friday, October 30, 2015
အ​တွေး စာအိတ်
ဘယ်​သည်​ စခန်း
သူမြန်းပါလိမ့်
ဟိုသည်​လွမ်း၍
မျှော်​မှန်းမိသည်
သူတ​ယောက်​ စိတ်​မ​နှောက်​ပဲ
ပျော်​ရွှင်​ရယ်​​စေချင်
မင်းအတွက်​ လွမ်းချင်း
ရေ​အေးတစ်​ခွက်
ဖြစ်​​စေသ​ဘော ဖြစ်​​စေ​လော့။   ။